Home
နိုင်ငံတကာ
ယူကရိန်းတပ်များအတွက် လက်နက်ခဲယမ်း အလုံအလောက်ရရန် မျှော်လင့် 
DVB
·
March 24, 2024
Ukrainian serviceman fire a D-30 howitzer towards Russian troops at a position in a front line in Kherson region
Ukrainian serviceman fire a D-30 howitzer towards Russian troops at a position in a front line in Kherson region

ယူကရိန်းဟာ ချက်နိုင်ငံက ဦးဆောင်ထောက်ပံ့ထားတဲ့ အမြောက်လက်နက်တွေ ရရှိထားတဲ့ ကြားကပဲ ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်တိုက်ခိုက်နေရတဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် ဧပြီမှ စတင်ပြီး လက်နက်ခဲယမ်း အလုံအလောက်ရှိဖို့ မျှော်လင့်ပါကြောင်း လူဇင်ဘတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ဒဲနစ်စ်ရှမီဟာလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူဇင်ဘတ်နိုင်ငံလည်း ပါဝင်တဲ့ ဒီအစီအစဉ်ဟာ ယူကရိန်းနိုင်ငံသားတွေကို အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ကြောင်းနဲ့ သူတို့ရဲ့ရှေ့တန်းကို တားဆီးဖို့အတွက် ဧပြီလမှ စတင်ပြီး သူတို့မှာ ခဲယမ်းမီးကျောက် အလုံအလောက်ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရှမီဟာလ်က ပြောပါတယ်။

ချက်အစိုးရဟာ ယူကရိန်းကို ထောက်ပံ့ဖို့အတွက် အမြောက်ကျည်ဆန် ၈ သိန်းကို တတိယနိုင်ငံတွေမှာ အခုနှစ် အစောပိုင်းက ထားရှိခဲ့ပြီး ပထမအသုတ် ကျည် ၃ သိန်းကို ဝယ်ယူဖို့ မဟာမိတ်တွေဆီကနေ ရန်ပုံငွေ ကောက်ခံခဲ့ကြောင်းလည်း ပြောဆိုပါတယ်။

ပထမအကြိမ် ပို့ဆောင်မှုကို ဇွန်လ နောက်ဆုံးထားပြီး ပို့နိုင်ဖို့ မျှော်လင့်ထားကြောင်း ချက်နိုင်ငံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆီမှ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီပက်ကေ့ချ်တွေကလည်း ကွန်ဂရက် လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက လပေါင်းများစွာ ပိတ်ဆို့ထားမှုနဲ့အတူ ကိယက်ဗ် တပ်ဖွဲ့တွေဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်းကတည်းက သူတို့ရဲ့ အကြီးမားဆုံး စစ်မြေပြင် ဆုတ်ခွာမှုအဖြစ် ဖေဖော်ဝါရီလမှာ အရှေ့ဘက် အာ့ဗ်ဒီးဗ်ကာမြို့ကနေ ဆုတ်ခွာခဲ့ရပြီး အမြောက်ကျည် ပြတ်လပ်ခြင်းတွေကိုလည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013