Home
အားကစား
မန်ယူနည်းပြရာထူးအတွက် လျာထားစာရင်းတွင် နည်းပြ ၉ ဦးအထိ ပါဝင်နေ
DVB
·
March 24, 2024
International Friendly - England v Brazil

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြရာထူးအတွက် လျာထားစာရင်းမှာ နည်းပြ ကိုးဦးအထိ ပါဝင်နေတယ်လို့ ESPN သတင်းက ဖော်ပြပါတယ်။

မန်ယူအသင်းဟာ လက်ရှိနည်းပြ အဲရစ်တန်ဟတ်ဂ်ကို ရာသီအကုန်မှာ ထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်သွားဖို့ စီစဉ်ထားပြီး နည်းပြသစ်လျာထားစာရင်းမှာ စုစုပေါင်း ကိုးဦးအထိ ပါဝင်နေပြီး ဒီအထဲမှာ ပရီးမီးယားလိဂ်က နည်းပြ သုံးဦးပါဝင်နေပါတယ်။

ဘရိုက်တန်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ အပါအဝင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်၊ လက်ရှိဘရိုက်တန်နည်းပြ ဒီဇာဘီ၊ ဘိုင်ယန်မြူးနစ် နည်းပြ တူဟယ်၊ ဝုဗ်နည်းပြဟောင်း လိုပက်တီဂူနဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်တို့လည်း လျာထားစာရင်းမှာ ပါဝင်နေပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်း၊ စပို့တင်းလစ္စဘွန်းနည်းပြ ယူဘင်အေမိုယင်၊ ဂျာမနီနည်းပြ နာဂယ်စ်မန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။ 

Photo-Reuters/Peter Cziborra

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013