Home
မြန်မာသတင်း
တာချီလိတ်တွင် ဆောင်းဘောက်အားသွင်းရာက အပူလွန်မီးလောင်၊ အမျိုးသား ၁ ဦးသေဆုံး
DVB
·
March 23, 2024
tachi 2332024

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်မှာ မတ် ၂၂ ရက် ညနေပိုင်းက ဆောင်းဘောက်အားသွင်းရာကနေ အပူလွန်ကဲလို့ မီးလောင်ပြီး အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက ပါတယ်။

သေဆုံးသူဟာ ဦးအိုက်နွန်းဖြစ်ပြီး လေဖြတ်ထားတာကြောင့် မီးလောင်ချိန် ထွက်မပြေးနိုင်ဘဲ မီးထဲပါသွားတယ်လို့ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “သူ့အိမ်က တခြားလူတွေ အပြင်သွားတဲ့အချိန်ဖြစ်သွားတာပါ။ ဆောင်းဘောက် အားသွင်းကြိုး မီးပလပ်ခုံက အပူလွန်ကဲပြီး မီးလောင်သွားတာပါ။ မီးလောင်ပြီး မိနစ် ၂၀ ကျော်မှာပဲ မီးကိုငြှိမ်းသတ်နိုင်တယ်။ အိမ်အပေါ်ထပ် အိပ်နေတဲ့ လေဖြတ်သူလည်း သေဆုံး သွားတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် အခန်းရှိ  မျက်နှာကျက်၊ ပန်ကာ၊ မွေ့ရာအပြင် တခြားအိမ်သုံး ပစ္စည်းတွေလည်း  မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာလည်း ရှမ်းတောင် လဲချားမြို့မှာ ဘက်ထရီပေါက်ကွဲပြီး ဝိဟန်စလိုင်းခုန် ဘုန်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024