ရုရှားနိုင်ငံဟာ ပေါက်ကွဲအားမြင့် FAB-3000 လေကြောင်းဗုံးတွေကို အခုနှစ် ဖေဖော်ဝါရီလက စပြီး အများအပြား ထုတ်လုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူဟာ နိုက်ဇ်နီနော့ဗ်ဂရော့ဒ်ဒေသရှိ ကာကွယ်ရေး စက်မှုစက်ရုံတရုံမှာ FAB-3000 ဗုံးတွေနဲ့ အမြောက်ကျည်တွေ အပါအဝင် တခြား ခဲယမ်းမီးကျောက်တွေလည်း ထုတ်လုပ်တဲ့စက်ရုံကို စစ်ဆေးခဲ့တာပါ။
အမြောက်ကျည်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ဒီခဲယမ်းမီးကျောက်အတွက် အစိတ်အပိုင်းတွေရဲ့ ထုတ်လုပ်မှုပမာဏဟာ ၂၂ ဆနီးပါး တိုးလာခဲ့ပြီး အဲဒီအစိတ်အပိုင်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ထိန်းသိမ်းထားတယ်လို့ ရွှိုင်ဂူက ပြောပါတယ်။
ဒါကြောင့်ပဲ ယူကရိန်းရှိ အထူးစစ်ဆင်ရေးဇုန်ကို ဒုံးကျည်ပမာဏ လုံလုံလောက်လောက် ပေးပို့နိုင်ခဲ့တာလို့လည်း သူကဆိုပါတယ်။
ထုတ်လုပ်ရေးအဆောက်အအုံ အသစ်တွေကိုလည်း တည်ဆောက်ထားပြီး အဲဒီစက်ရုံတွေကလည်း စွမ်းဆောင်ရည်အပြည့်နဲ့ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူက ပြောသွားပါတယ်။
Source/Photo-Reuters