အာဂျင်တီးနားနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ အရင်စံချိန်တွေကို ချိုးဖျက်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီး ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့ တောင်အမေရိကတဝိုက်မှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်နေကြပါတယ်။
ကလေးရောဂါဗေဒပညာရှင် ဒေါက်တာ အဒ်ဒွာဒိုလိုပက်ဇ်က “ပထမ ၁၀ ပတ်အတွင်းမှာကို သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၁၂၀,၀၀၀ ကျော်ရှိခဲ့ပြီး မနှစ်တုန်းက ဖြစ်ပွားမှု ၁၃၀,၀၀၀ ကို ကျော်သွားတော့မှာဖြစ်တယ်”လို့ ပြောပါတယ်။
ဧပြီလတလျှောက်လုံး ဒီသွေးလွန်တုပ်ကွေးရောဂါ ရှိနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။
၂၀၂၃-၂၄ ရာသီ အာဂျင်တီးနားမှာ သေဆုံးသူ ၇၉ ဦး ရှိသွားပြီလို့ အစိုးရရဲ့ နောက်ဆုံးစာရင်းတွေအရ သိရပြီး ဒါဟာ အရင်ရာသီကထက် အဆိုးရွားဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
မာလ်ဘရန် အင်စတီကျု ဒါရိုက်တာ ဒေါက်တာ မာရီယာနာ မန်တီကာက နိုင်ငံဟာ အကြီးမားဆုံး သွေးလွန်တုပ်ကွေးရောဂါကို ကြုံတွေ့နေရပြီး အရင်နှစ် ရာသီတူကာလမှာ ရောဂါဖြစ်ပွားမှုထက် ၂၀၀ ရာခိုင်နှုန်း ပိုများခဲ့တယ်လို့ ပြောပါတယ်။ ဒါက အာဂျင်တီးနားမှာသာမက ဒေသတွင်းမှာလည်း ဖြစ်နေတာလို့ ဆိုပါတယ်။
Source/Photo-Reuters