ဗင်နီဇွဲလား အတိုက်အခံ ကိုယ်စားလှယ်လောင်း မာရီယာ ကိုရီနာ မာချာဒိုနဲ့ နီးစပ်သူနှစ်ဦးကို ဖမ်းဆီးထားပြီး မာချာဒိုရဲ့ ညာလက်ရုံး မာဂယ်လ်ယီ မီဒါ အပါအဝင် တခြား ခုနစ်ဦးတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ဗင်နီဇွဲလားရှေ့နေချုပ် တာရက်ခ်ဆာ့ဘ်က မတ် ၂၀ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုကလည်း နိုင်ငံရဲ့ ရှေ့နေချုပ်က သူ့အဖွဲ့ကို စွဲချက်တင်ထားတာဟာ မှားယွင်းနေပြီး အခုလို ဖမ်းဆီးလိုက်တာနဲ့ သူ့ကို အားနည်းအောင် လုပ်လို့မရဘူးလို့ မတ် ၂၀ ရက်မှာ ပြောပါတယ်။
မာချာဒိုဟာ အောက်တိုဘာလမှာ အတိုက်အခံတွေရဲ့ အမည်စာရင်း တင်သွင်းတဲ့ပြိုင်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ သူ့ကို သမ္မတလောင်းအဖြစ် စာရင်းသွင်းတာကို ပိတ်ပင်ထားပါတယ်။
နောက်ဆုံးသတ်မှတ်ရက် မတ် ၂၅ ရက် မတိုင်ခင် တယောက်ယောက်ရဲ့နာမည်ကို အစားထိုးဖို့လည်း မာချာဒိုကို အတိုက်အခံပါတီတွေက ဖိအားပေးနေကြပါတယ်။
သူ့ညာလက်ရုံး မီဒါဟာ အတတ်နိုင်ဆုံး အပြောင်းအလဲလုပ်ဖို့ စာရင်းတို့ထားသူတွေထဲက တဦးဖြစ်ပါတယ်။
မာချာဒိုဟာ အစားထိုးနာမည်စာရင်း သွင်းရနိုင်ခြေကို ငြင်းဆိုခဲ့ပြီး သူ့ကိုပိတ်ပင်ထားမှုဟာ တရားမဝင်ကြောင်းနဲ့ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ဟန့်တားဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မာချာဒိုဟာ လက်ရှိသမ္မတ နိကိုလပ်စ် မာဒူရိုထက် မဲဆန္ဒရရှိမှုမှာ အဆပေါင်းများစွာ သာလွန်နေပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကို မာချာဒိုက ထောက်ခံခဲ့တာကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ ထိပ်တန်းတရားရုံးက ဇန်နဝါရီလမှာ သူ့ကို ပိတ်ပင်လိုက်တာပါ။
Source/Photo-Reuters