Home
အားကစား
အင်္ဂလန်အသင်းတွင် မကစားချင်သည့် ဘန်ဝှိုက်၏ ဆုံးဖြတ်ချက်အပေါ် ဘင်ဖော်စတာ ကာကွယ်ပြော
DVB
·
March 21, 2024
Ben White_21032024

အင်္ဂလန်အသင်းမှာ မကစားချင်တဲ့ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ရဲ့ ဆုံးဖြတ်ချက်အပေါ် အင်္ဂလန်ဂိုးသမားဟောင်း ဘင်ဖော်စတာက ကာကွယ်ပြောသွားပါတယ်။

ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခဲ့ပြီး ကာတာနိုင်ငံအထိ လိုက်ပါ လေ့ကျင့်ခဲ့ပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်နဲ့ အသင်းလူစာရင်းကနေ နုတ်ထွက်ပြီး အိမ်ပြန်လာခဲ့တာပါ။

လက်ထောက်နည်းပြ စတိဟော်လန်နဲ့ အဆင်မပြေမှုကြောင့် ဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့ နည်းပြဆောက်ဂိတ်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်ထားတာပါ။

ဘန်ဝှိုက်ဟာ လာမယ့် နိုင်ငံတကာခြေစမ်း ပွဲစဉ်တွေမှာလည်း သူ့ကို ရွေးချယ်ခြင်းမပြုဖို့ အသင်းအားကစားဒါရိုက်တ အီဒူးကနေတဆင့် နည်းပြ ဆောက်ဂိတ်ဆီ အသိပေးခဲ့တာပါ။

အခြေအနေမှန်ကို တိတိကျကျသိရဖို့ ခက်ခဲပေမဲ့ ဘန်ဝှိုက်ဟာ အာဆင်နယ်အတွက် အကောင်းဆုံး ကြိုးစားနေသူဖြစ်ပြီး အကောင်းဆုံးနောက်ခံလူတဦးလည်း ဖြစ်ကြောင်း၊ အင်္ဂလန်အသင်းမှာ မကစားချင်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ခံစားနားလည်နိုင်ကြောင်း ဂိုသမားဟောင်း ဘင်ဖော်စတာက ပြောသွားခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013