ပေါ်တူဂီအသင်းဖော် တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အကောင်းဆုံးအချိန်တွေ ကျော်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း နောက်ခံလူ ကန်ဆယ်လိုက ပြောသွားပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် အရေးပါတဲ့ ကစားသမားတဦးအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပေမဲ့ ဘောလုံသမားတဦးရဲ့ အကောင်းဆုံးအချိန်က အသက် ၂၅ နှစ်ကနေ ၃၂ နှစ်အတွင်း ဖြစ်တယ်လို့ ပေါ်တူဂီရေဒီယိုတခုနဲ့ အင်တာဗျူးမှာ ကန်ဆယ်လိုက ပြောပါတယ်။
ရော်နယ်ဒိုဟာ မက်ဆီနဲ့ ၁၅ နှစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီး အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပေါ်တူဂီအသင်းအနေနဲ့ ရော်နယ်ဒို တဦးတည်းအပေါ် အားကိုးအားထားပြုနေလို့ မရတော့ကြောင်း ကန်ဆယ်လိုက ပြောသွားပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီသမိုင်းတလျှောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ၁၂၈ ဂိုးနဲ့ စံချိန်တင်ထားသူ ဖြစ်ပါတယ်။
Photo-Reuters