Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး
DVB
·
March 20, 2024
ArmyEquipment_20032024

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ စက်တွင်းကနေ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ် ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားသုံးဦး နေရာတင် သေဆုံးခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့ကနေ သိရပါတယ်။

ကိုင်းတောမစက်တွင်းက ထွက်လာတဲ့ စစ်သား ၁၂​ ဦးကို ကိုင်းတောမဆေးခန်းရှေ့မှာ မီတာ ၃၀၀ အနီးကပ်ထိ သွားရောက်ပစ်ခတ်နိုင်ခဲ့ပြီး စစ်သားသုံးဦး သေဆုံးခဲ့တာလို့ Earthquake Peoples Defense အဖွဲ့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

“ကျနော်တို့က စပစ်ခဲ့တာပါ။ သူတို့ဘက်က ပြန်ပစ်တာတွေလည်းရှိတယ်။ သူတို့က စက်တွင်းကနေ ရွာထဲကိုလာတာပါ။ မိုင်းအရင်ဆွဲတာ၊ မိုင်းဆွဲပြီးမှ ပစ်ခတ်မှုစတာပါ။ အနီးကပ် ၁၅ မိနစ်အထိ ပစ်ခတ်ခဲ့တယ်။”

ကိုင်းတောမကျေးရွာမှာ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ စစ်သားတဦးကို တခြားစစ်သားတွေက သယ်သွားပြီး ပြန်ပြေးခဲ့ကြပေမဲ့ တခြားရုပ်အလောင်းနှစ်ခုကိုတော့ ဒီတိုင်းထားခဲ့တယ်လို့ သိရပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ မြို့သိမ်းတိုက်ပွဲတွေအထိ မဟာမိတ်အဖွဲ့တွေနဲ့အတူ ရှေ့ဆက် တိုက်ပွဲဖော်ဆောင်သွားမှာပါ” လို့ ကိုပိန်က ပြောပါတယ်။

အဆိုပါတိုက်ပွဲကနေ MA1 သေနတ်တလက်၊ MA3 သေနတ်တလက်၊ ကျည်ဘောက်ခြောက်ခု၊ ကျည်ဆန်အတောင့် ၁၂၀၊ လွယ်အိတ်တလုံး၊ ဖုန်းနှစ်လုံးနဲ့ အဆိုပါဖုန်းထဲက သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဓာတ်ပုံ၊ အချက်အလက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ တပ်ရင်း ၁၊ တပ်ခွဲ ၄၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်တပ်ပေါင်းစု (MUGDF, James Bond, ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၂၊ ၆၊ ၇၊ မြိုင် ပ.က.ဖ IO အဖွဲ့၊ Pakokku People's Defense Force ၊ Young Force UG နဲ့ Earthquake People's Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013