Home
နိုင်ငံတကာ
အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်
DVB
·
March 20, 2024
US, South Korean troops stage drills days after Pyongyang fires multiple rockets

မြောက်ကိုရီးယားက ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ မတ် ၂၀ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး တင့်ကားတွေနဲ့ တခြားသံချပ်ကာယာဉ်တွေ မြစ်တွေကို ဖြတ်ကူးနိုင်စေဖို့ ဗောတံတားတွေ တပ်ဆင်တာ လေ့ကျင့်ခဲ့ကြပါတယ်။

ပင်မတိုက်ပွဲဝင်တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားစစ်ရေးယာဉ်တွေဟာ ဆိုးလ်မြို့မြောက်ဘက် ယွန်းချွန်းကောင်တီရှိ အင်မ်ဂျင်းမြစ်ကူးတံတားကို ဖြတ်ကူးနေတာပါ။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ယူနစ်မျိုးစုံမှ စစ်သား ၄၇၀ လောက်နဲ့ အမေရိကန်စစ်တပ်မှ ရဟတ်ယာဉ် ၆၅ စီးနဲ့ အင်ဂျင်နီယာ ပစ္စည်းကိရိယာတွေ ပါဝင်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အမှတ် ၁၁ အင်ဂျင်နီယာတပ်၊ အမှတ် ၂ ခြေလျင်တပ်ရင်းရဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပေါင်းစပ်တပ်ဖွဲ့ခွဲမှ ဒုဗိုလ်မှူးကြီး ဘရန့် ကင်နီက “အခုဆိုရင် အင်မ်ဂျင်းမြစ်ကိုဖြတ်ပြီး ပေါင်းစပ်တံတားတခု ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်းနဲ့ ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သားတွေရဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ဖို့ အလွန်အရေးကြီးတဲ့ လေ့ကျင့်မှု အခွင့်အရေးပါပဲ” လို့ ပြောပါတယ်။

မြစ်ကူးတပ်ဖွဲ့မှ တပ်မှူး၊ ဗိုလ်မှူး ကင်မ်ဂျင်ဝူ ကလည်း ဒီ တောင်ကိုရီးယား-အမေရိကန် ပေါင်းစပ် လက်နက်လေ့ကျင့်ခန်းမှာ မြစ်ဖြတ်ကူးခြင်းအတွက် တောင်ကိုရီးယား-အမေရိကန် စက်ကိရိယာတွေ အပြန်အလှန် လုပ်ဆောင်နိုင်မှုကို မြှင့်တင်ဖို့နဲ့ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ အခွင့်အလမ်းကောင်းတရပ်ကို ပေးအပ်လိုက်တာ ဖြစ်ကြောင်း ပြောကြားပါတယ်။

မတ် ၁၈ ရက်က ဒုံးပစ်လောင်ချာများစွာကို ပစ်ခတ်စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား-အမေရိကန် အဆင့်မြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ရန်စတဲ့ အစမ်းလေ့ကျင့်မှုအဖြစ် ရှုတ်ချခဲ့ပြီး ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေရဲ့ ရန်လိုတဲ့ ရည်ရွယ်ချက်အတွက် အထောက်အထားတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013