Home
အားကစား
လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရသဖြင့် စိတ်လှုပ်ရှားမိဟု မန်ယူကြယ်ပွင့် မိန်နူးပြော
DVB
·
March 20, 2024
mainoo sport 2032024

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရလို့ စိတ်လှုပ်ရှားမိကြောင်း မန်ယူကွင်းလယ်ကြယ်ပွင့် ကိုဘီမိန်နူးက ပြောသွားပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ကွင်းလယ်ကစားသမားမိန်နူးဟာ နည်းပြ ဆောက်ဂိတ်ရဲ့ ကနဦးလူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထပ်မံရွေးချယ်ခံခဲ့ရတာပါ။

အစောပိုင်းက ယူ ၂၁ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး အသင်းကြီးမှာ ရွေးချယ်ခံရတာက ခြားနားတဲ့ ခံစားချက်ဖြစ်ပြီး စိတ်လှုပ်ရှားမိတယ်လို့ မိန်နူးက ပြောပါတယ်။

လက်ရွေးစင်အသင်းလေ့ကျင့်ရာ စိန့်ဂျော့ပါ့ခ်ကွင်းကို ရောက်ရှိလာတဲ့ မိန်နူးကို အသင်းဖော် နောက်ခံလူ မက်ဂွဲယားအပြင် အာဆင်နယ်တောင်ပံကစားသမား ဘူကာရိုဆာကာကလည်း ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်အနေနဲ့ အိုင်းယက်စ်အသင်းမှာ ကစားရင်း ဒဏ်ရာ ရရှိခဲ့တဲ့ ဟန်ဒါဆန်ကိုတော့ အသင်းလူစာရင်းကနေ တရားဝင်နုတ်ထွက်ခွင့်မပေးသေးပေမဲ့ မိန်နူးကို ထပ်မံ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013