Home
မြန်မာသတင်း
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
DVB
·
March 19, 2024
Daw Nyo Aye_19032024

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီက ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး မတ် ၁၈ ရက် ရုံးချိန်းမှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အပြီးသတ် ချမှတ်လိုက်​တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်က ပြုလုပ်တဲ့ စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် အားပေးကူညီရာရောက်တယ်ဆိုပြီး ဒေါ်ညိုအေးကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မိသားစုဝင်တဦးက “ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ မတ်လ ၁၈ ရက်နေ့ ရုံးချိန်းမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။ စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား တက်ရောက်ခဲ့တာကြောင့်ဆိုပြီး ထောင်ဒဏ်ချလိုက်တာ”လို့ပြောပါတယ်။

ဒေါ်ညိုအေးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနေပြီး ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ကာ ဆေးကုသခွင့်ရဖို့ မိသားစုတွေက လိုလားနေကြပါတယ်။

ဒေါ်ညိုအေးဟာ ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသမီးတွေအတွက် လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးတွေအတွက် ဦးဆောင်ဦးရွက် ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013