Home
နိုင်ငံတကာ
ယူကရိန်းအခြေစိုက် လက်နက်ကိုင်အုပ်စုက ရုရှားနယ်စပ်ရွာကို ထိန်းချုပ်
DVB
·
March 18, 2024
RussiaUkraine_18032024

ယူကရိန်းအခြေစိုက် ရုရှားလက်နက်ကိုင်အဖွဲ့တဖွဲ့က ရုရှားနယ်စပ် ဘယ်ဂိုရော့ဒ်ဒေသက ဂေါ်ကော့ဗ်စကီးရွာကို မတ် ၁၇ ရက်မှာ ထိန်းချုပ်ထားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ လက်နက်ကိုင်အဖွဲ့က လွှင့်တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ တိုက်ခိုက်ရေးသမားတွေက စာသင်ကျောင်း အဆောက်အအုံတခုကနေ ရုရှားအလံကို ဖယ်ရှားလိုက်ပုံကို ပြသထားပါတယ်။

ဗီဒီယိုမှာ မြင်တွေ့ရတဲ့ အဆောက်အဦတွေ၊ သစ်ပင်တွေနဲ့ လမ်းအပြင်အဆင်တွေကို ဧရိယာရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ ကိုက်ညီနေလို့ ရုရှားနိုင်ငံ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ယူကရိန်းဟာ ရုရှားသမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးစားရာမှာ အကြမ်းဖက် လုပ်ရပ်တွေကို အသုံးချနေတယ်လို့ ရုရှားက မတ် ၁၆ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ကာယယ်လို ဘူဒါနော့ဗ်က လက်နက်ကိုင်အဖွဲ့တွေဟာ ရုရှားလွတ်မြောက်ရေး ကြေးစားတပ်ဖွဲ့၊ ရုရှားစေတနာ့ဝန်ထမ်းတပ်ဖွဲ့ နဲ့ ဆိုက်ဘေးရီးယား တပ်မဟာတို့ဖြစ်ပြီး စည်းလုံးညီညွတ်တဲ့ မူတွေ ကိုင်စွဲရင်း အင်အားတရပ် ဖြစ်လာတယ်လို့ စနေနေ့မှာ ပြောပါတယ်။

အုပ်စုတွေဟာ တော်တော်လေး ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့ကြပြီး မကြာမီအချိန်အတွင်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်

ယူကရိန်းဟာ စွမ်းနိုင်သမျှ အစွမ်းဆုံး သူတို့ကို ကူညီဖို့ ကြိုးစားသွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024