ရုရှားနိုင်ငံ မော်စကိုဒေသရဲ့ ကွန်စတန်တီနိုဗိုရွာက လမ်းပေါ်မှာ ပျံသန်းနေတဲ့ ဒရုန်းတွေနဲ့ ပေါက်ကွဲသံတွေ ပြည့်နေတဲ့ ကောင်းကင်ကို လူတွေမော့ကြည့်နေပုံကို မတ် ၁၇ ရက်မှာ ဖြန့်ချိတဲ့ မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ရုပ်သံတွေထဲမှာ တွေ့ရပါတယ်။
ဧရိယာကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ရုပ်သံထဲက ရုပ်ပုံတွေ ကိုက်ညီနေလို့ အဆောက်အဦနဲ့ လမ်းပုံစံတွေအရ အခင်းဖြစ်တဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
တည်နေရာဟာ ဒိုမိုဒေဒိုဗို လေဆိပ်ကနေ ၇ မိုင်လောက် ဝေးပါတယ်။ ဗီဒီယိုရိုက်ကူးထားတဲ့ရက်ကို သီးခြားအတည်မပြုနိုင်သေးပေမဲ့ မော်စကိုမြို့နားမှာ တနင်္ဂနွေ မနက်ပိုင်းက လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်း ၅ စင်းကို ပစ်ချခဲ့တယ်လို့ တရားဝင် သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
မော်စကိုကို ပစ်မှတ်ထားပြီး ရေနံချက်စက်ရုံကို ပစ်ခတ်ရင်း ပတ်ဝန်းကျင်ဒေသတွေကို လျှပ်စစ်ဓာတ်အား ပြတ်တောက်အောင်လုပ်ဖို့၊ ရုရှားနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ဧရိယာတွေကို တိုက်ခိုက်ဖို့ ယူကရိန်းက မောင်းသူမဲ့လေယာဉ် ၃၅ စင်း ပစ်လွှတ်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောခဲ့ပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
Source/Photo-Reuters