Home
မြန်မာသတင်း
မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင် ပျူစောထီးများကို လစာပေးရန် ဒေသခံများထံမှ ကောက်ခံ
DVB
·
March 18, 2024
MaungHlawVillage_18032024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ပျူစောထီးတွေရဲ့ လစာကို ပြည်သူတွေဆီမှ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးတွေရဲ့ လစာကို ပြည်သူတွေဆီက ကောက်ခံတာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာလလောက်ကတည်းက ကောက်ခံနေတာဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်ပေါ်မူတည်ပြီး ကျပ်ငွေ ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

“မောင်းလှော်ရွာမှာတော့ ပျူစောထီးဆက်ကြေးဆိုပြီး တအိမ်ကို ၅,၀၀၀ ပေးရတယ်။ အရင်ကတော့ ပျူတွေလိုက်ကောက်ပြီး အခုတော့ ရွာသူကြီးကိုယ်တိုင် လိုက်ကောက်တယ်။ မောင်းလှော်ကျေးရွာအုပ်စု တခုလုံးဆိုရင် ပျူစောထီး ၆၀ နီးပါးလောက်ရှိမယ်။ ရွာသားတွေဆီက ကောက်လို့ရတဲ့ငွေကို ပျူတယောက် ၂ သိန်းစီ ပြန်ခွဲပေးတယ်” လို့ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။

မြိတ်မြို့နယ်ရှိ ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းရပ်ကွက်နဲ့ မြိတ်တောင်ကျေးရွာအုပ်စုတို့မှာ ပျူစောထီး အားကောင်းတဲ့နေရာဖြစ်ပြီး ပျူစောထီးတွေရဲ့ လစာအတွက် ဒေသခံတွေရဲ့ လုံခြုံရေးကို အကြောင်းပြပြီး အုပ်ချုပ်ရေးမှူးက ပိုက်ဆံကောက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုသူ မြို့ခံတဦးက “တရားမဝင် လောင်းကစားဒိုင်တွေက မဖြစ်မနေပေးရတာ။ ရပ်ကွက်ထဲမှာကျတော့ တအိမ်ကို ၂၀,၀၀၀ နှုန်းနဲ့ လာကောက်တယ်။ ပိုက်ဆံရှိတဲ့ အိမ်တွေကိုတော့ ပိုက်ဆံများများထည့်ရင် လုံခြုံမယ်လို့ ပြောပြီး ကောက်တယ်။ မပေးရင်လည်း ကျနော်တို့ လုံခြုံရေးအတွက် ပြဿနာရှိလာနိုင်တယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူ စုစုပေါင်း ၁၀၀ နီးပါး အသတ်ခံရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013