Home
နိုင်ငံတကာ
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ဂျပန်ဝန်ကြီးချုပ် ပြစ်တင်ရှုတ်ချ
DVB
·
March 18, 2024
FILE PHOTO: A Yars intercontinental ballistic nuclear missile is fired during a training, from Plesetsk cosmodrome in Northern Arkhangelsk region

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်ဆီ ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က မတ် ၁၈ ရက်မှာ ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့သလို တခြား အသေးစိတ် အချက်အလက်တွေကိုလည်း ချက်ချင်း မရနိုင်သေးပါဘူး။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်တဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ကလည်း ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် ဧရိယာ အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဆက်တိုက် ဆောင်ရွက်ချက်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ခြိမ်းခြောက်နေပြီး လုံးဝလက်မခံနိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အထီးကျန် မြောက်ကိုရီးယားစစ်တပ်ဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း သမားရိုးကျ လက်နက်တွေကို သုံးပြီး စစ်ရေးလေ့ကျင့်ရာမှာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့က နှစ်စဉ်ကျင်းပမြဲ ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု မတ် ၁၄ ရက်မှာ ပြီးဆုံးပြီးတဲ့နောက် မြောက်ကိုရီးယားက ခုလို ဒုံးကျည်ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013