Home
အားကစား
ဝိန်းရွန်းနီ၏သားဖြစ်သူ ခိုင်ရွန်းနီ မန်ယူလူငယ်အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူ
DVB
·
March 17, 2024
DVBSPORT_30082023

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီရဲ့ အကြီးဆုံးသားဖြစ်သူ ခိုင်ရွန်းနီဟာ မန်ယူ ယူ-၁၄ လူငယ် အသင်းက အဲဗာတန်ကို အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ် သုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူ ယူ-၁၄ အသင်းက အဲဗာတန် ယူ-၁၄ အသင်းကို ၆ ဂိုး ၄ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ခိုင်ရွန်းနီက ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။

ခိုင်အနေနဲ့ ဖခင်ဖြစ်သူ ဝိန်းရွန်းနီရဲ့ ခြေရာကို လိုက်နင်းနိုင်မယ့်သူအဖြစ် မန်ယူအသင်း ပရိသတ်တွေက တင်စား ချီးကျူးခဲ့ကြပါတယ်။

ခိုင်ရွန်းနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကစားခဲ့တဲ့ လိဂ်ယူနိုက်တက်လူငယ်အသင်းနဲ့ပွဲမှာလည်း ၂ ဂိုးသွင်းပြီး ၂ ကြိမ် ဂိုးဖန်တီးခဲ့ပါသေးတယ်။

တောင်ပံတိုက်စစ်မှာ ကစားနိုင်ပေမဲ့ ဂိုးတွေသွင်းယူနိုင်တဲ့ တိုက်စစ်မှူးနေရာမှာ ပိုပြီး ကစားချင်ကြောင်း၊ ဖခင်ဖြစ်သူ ဝိန်းရွန်းနီရဲ့ အကြံပေးချက်အရဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာကိုလည်း ဖခင်ဖြစ်သူက သင်ကြားပေးကြောင်း ခိုင်ရွန်းနီက ပြောပါတယ်။

ရွန်းနီမှာ သားလေးယောက်ရှိပြီး ခိုင်ရွန်းနီ အပါအဝင် အန်တိုနီ၊ ဂျိုးဇက်၊ မက်စ်  ဆိုပြီးရှိတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013