မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တင့်ကားတပ်တွေ ပါဝင်တဲ့ စစ်ရေးပြမှုကို လမ်းညွှန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစစ်ရေးပြပွဲဟာ တင့်ကားတပ်သားတွေရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့နဲ့ မတူညီတဲ့ နည်းဗျူဟာမစ်ရှင်တွေမှာ တိုက်ခိုက်ရေး နည်းလမ်းတွေနဲ့ အကျွမ်းတဝင်ရှိစေဖို့ ရည်ရွယ်ထားကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ သီးသန့်နိုင်ငံရဲ့ခေါင်းဆောင် ကင်မ်ဟာ တင့်ကားတစီးကနေ ချောင်းကြည့်နေတဲ့ပုံဖြစ်ပြီး အဲဒီတင့်ကားကို မတ် ၁၃ ရက်က သူကိုယ်တိုင် မောင်းနှင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ရန်သူ့မြို့တော်ရဲ့ ပစ်ကွင်းဧရိယာအတွင်း နယ်စပ်အနီးရှိ တပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ KCNA က ပြောကြားခဲ့ပြီး ရန်သူရဲ့မြို့တော် ဆိုတာဟာ လူဦးရေ ၁၀ သန်းနီးပါးရှိတဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို ရည်ညွှန်းပြောသွားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ Freedom Shield လို့ခေါ်တဲ့ အမေရိကန်နဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ကြာသပတေးနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ပြုံယမ်းက ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာလမှာ ဖျက်သိမ်းလိုက်ပြီးကတည်းက ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters