Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တိုက်ပွဲများဖြစ်လာနိုင်သဖြင့် သတိဖြင့်သွားလာကြရန် ရေးဘီလူး သတိပေး
DVB
·
March 12, 2024
Yae 1232024

မွန်ပြည်နယ်အတွင်း ဘီလူးနင်းမယ့်စစ်ဆင်ရေးကို အကောင်အထည်ဖော်တော့မှာ ဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိနဲ့ သွားလာနေထိုင်ဖို့ ရေးဘီလူးအဖွဲ့က မတ် ၁၀ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

စစ်ဆင်ရေးမှာ ရက်အကန့်အသတ် မရှိတဲ့အတွက် မွန်ပြည်နယ်အတွင်းရှိ နေရာမရွေးမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး  ပြည်သူတွေအနေနဲ့ အပျော်အပါး ရှောင်ကြပါလို့ ဆိုပါတယ်။

ရေးဘီလူးအဖွဲ့ တာဝန်ခံက “ကျနော်တို့ စစ်ဆင်ရေးက ရက်အကန့်အသတ်မရှိတဲ့ ကြမ်းသတဲ့ကြမ်းမယ့် ဘီလူးနင်းတဲ့ စစ်‌ဆင်ရေးပါ။ မွန်ပြည်နယ်အတွင်းက နေရာတွေ အကုန်လုံးမှာ အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ အပျော်အပါး ရှောင်ကြပါ။ ကြုံရင်ကြုံသလို တိုက်ပွဲတွေက ဖြစ်သွားမှာမို့လို့ ပြည်သူတွေကို စိတ်ပူလို့ပါ။ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ပြည်သူမထိခိုက်အောင် ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ် ၁၅၀ ကျော် ရေးဘီလူး‌လက်အောက်ကို ဝင်ရောက်လာခဲ့ပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန် မြှင့်တင်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ အကုန်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်‌အာဏာသိမ်းပြီးမှ ပေါ်လာတဲ့ ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီစခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေသလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ အပါအဝင် စစ်တပ်သတင်းပေးတွေကို ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013