Home
နိုင်ငံတကာ
သူလျှိုမှုစွဲချက်ဖြင့် တောင်ကိုရီးယားနိုင်ငံသား ၁ ဦးကို ရုရှား ဖမ်းဆီး
DVB
·
March 12, 2024
South Korea confirms citizen detained in Russia on spying charges

ရုရှားနိုင်ငံမှာ ကိုရီးယားနိုင်ငံသားတဦး သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံထားရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၂ ရက်မှာ အတည်ပြုပါတယ်။

ဖမ်းဆီးခံရသူ ပြန်လာနိုင်ဖို့အတွက် အကူအညီတွေ လုပ်ဆောင်နေကြောင်းလည်း ကောင်စစ်ဝန်ရုံးဟာ ပြောပေမဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မဖော်ပြထားပါဘူး။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ် ဆူးဆုခ်က “အစိုးရအနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံသားတွေကို သူ့မိသားစုဆီ စောစောစီးစီး ပြန်လာနိုင်ဖို့ မျှော်လင့်ထားပြီး ရုရှားဘက်နဲ့လည်း လိုအပ်တဲ့ ဆက်သွယ်မှုတွေ လုပ်နေပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေအပေါ် မှတ်ချက်ပေးဖို့ ခက်ခဲတာကို နားလည်ပေးဖို့လည်း ပြောပါတယ်။

ဘဲ့ဝန်းဆူလို့ အမည်ရှိတဲ့ အဲဒီအမျိုးသားကို ဗလာဒီဗော့စတော့ကနေ မော်စကိုမြို့ကို လွှဲပြောင်းပေးခဲ့ပြီး သူဟာ လျှို့ဝှက် သတင်းအချက်အလက်တွေကို နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူဟာ ရုရှားနိုင်ငံ အရှေ့ဖျားမှာ အခြေစိုက်တဲ့ မြောက်ကိုရီးယား အလုပ်သမားတွေကို ပံ့ပိုးကူညီနေတဲ့ သာသနာပြုတဦးဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013