မတ်လ ၈ ရက်မှာကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့" (International Women's Day) နေ့ အထိမ်းအမှတ်အဖြစ် ချီတက် ဆန္ဒထုတ်ဖော်ပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂစတဲ့ အမျိုးသမီးအဖွဲ့တွေ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သားကူညီရေးအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံရှိ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြပြီး “ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့ အောင်ပွဲ” စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက်ပါ စာတန်းတွေကိုင်ဆောင် စီတန်းလှည့်လည်ခဲ့ကြပါတယ်။