Home
နိုင်ငံတကာ
အစ္စရေး-ဟစ်ဇ်ဘိုလာ ပစ်ခတ်မှု အဆုံးသတ်ရေး အမေရိကန်အထူးသံ ကြိုးပမ်း
DVB
·
March 5, 2024
U.S. envoy Amos Hochstein speaks during a press conference after meeting with Lebanese Parliament Speaker Nabih Berri in Beirut

ဂါဇာမှာ အပစ်အခတ် ရပ်စဲခဲ့ရင်တောင် လက်ဘနွန်တောင်ပိုင်း နယ်စပ်တလွှားက ရန်လိုမှုတွေ အလိုအလျောက် အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန် အထူးသံတမန် အေးမော့စ် ဟော့စတိုင်းက မတ် ၄ ရက်မှာ ပြောလိုက်ပါတယ်။

ဂါဇာစစ်ပွဲနဲ့အပြိုင် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေကြား လေးလကြာ အပြန်အလှန်ပစ်ခတ်မှု အဆုံးသတ်ရေး သံတမန်ရေးအားထုတ်မှု အစိတ်အပိုင်းအနေနဲ့ ဟို့စ်တိုင်းက လက်ဘနွန်မြို့တော် ဘေရွတ်ဆီ လာရောက်လည်ပတ်နေတာပါ။

ဒါဟာ ၂၀၀၆ စစ်ပွဲပြီးကတည်းက လက်ဘနွန်တောင်ပိုင်း နယ်စပ်တလွှားမှာ အဆိုးဆုံး ပဋိပက္ခ ဖြစ်သလို ပိုကြီးတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမှာကို စိုးရိမ် ကြောက်လန့်နေကြပါတယ်။

အကြမ်းဖက်မှု တိုးလာတာဟာ ဘယ်သူ့မှာမှ အကျိုးကျေးဇူး ရှိမနေပါဘူးလို့ ဟစ်ဇ်ဘိုလာတွေနဲ့ နီးစပ်တဲ့ လက်ဘနွန် လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီနဲ့ တွေ့အပြီးမှာ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း နယ်စပ်ပဋိပက္ခတွေ ပိုတိုးလာတယ်လို့လည်း သူက ပြောပါတယ်။

ဟို့စ်တိုင်းရဲ့ အလည်အပတ်ခရီးစဉ် ချိန်သားကိုက်မှုဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေး အားထုတ်မှုမှာ တိုးတက်မှုရှိတယ်ဆိုတာ အချက်ပြနေတာပဲလို့ လက်ဘနွန်လွှတ်တော် ဒုဥက္ကဋ္ဌ အီးလီးယပ်စ် ဘောင်ဆာ့ဘ်က သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးက လက်ဘနွန်ကို ဆက်ပြီး ပစ်ခတ်တိုက်ခိုက်မနေဘူးဆိုရင် ဂါဇာကမ်း‌မြောင်က အစ္စရေးထိုးစစ်တွေ ရပ်တာနဲ့တပြိုင်နက် လက်ဘနွန်ကနေ အစ္စရေးဆီ တိုက်ခိုက်နေတာတွေကို ရပ်မယ်လို့ ဟစ်ဇ်ဘိုလာတွေက လူသိရှင်ကြား ပြောထားပါတယ်။

ဟို့စ်တိုင်းကတော့ နယ်စပ်တလွှား ပဋိပက္ခတွေအတွက် သံတမန်ရေး အဖြေရဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။

Source/Photo-REUTERS/Mohamed Azakir

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013