အာဆင်နယ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်အားလုံး အနိုင်ယူနိုင်မှသာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်မယ်လို့ နည်းပြအာတေတာက ပြောသွားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုရင် ရမှတ် ဘယ်လောက်ရရှိမှဖြစ်မလဲဆိုတဲ့ မီဒီယာတွေရဲ့ မေးခွန်းအပေါ် နည်းပြအာတေတာက ပြန်လည်ဖြေကြားခဲ့တာပါ။
ချန်ပီယံဖြစ်ဖို့ အမှတ်ဘယ်လောက်လိုမလဲဆိုတာ ပဟေဠိလုပ်နေစရာ မလိုအပ်ဘဲ လက်ကျန်ပွဲစဉ်အားလုံး အနိုင်ယူနိုင်ဖို့သာ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောသွားတာပါ။
အာဆင်နယ်ဟာ ပြိုင်ဘက်တွေထက် တပွဲကျန်အနေအထားမှာ ထိပ်ဆုံးက လီဗာပူးနဲ့ ၅ မှတ်၊ ဒုတိယနေရာက မန်စီးတီးနဲ့ ၄ မှတ် အသီးသီးကွာဟနေပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Photo-Reuters/John Sibley