ယီမင်နိုင်ငံအတွင်း ဟူသီတွေက ဦးဆောင်တဲ့အစိုးရရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အယ်လ်အစ်ဇီက ယီမင်နိုင်ငံဟာ ဗြိတိန်သင်္ဘောတွေကို ဆက်နှစ်မြှုပ်နေဦးမယ်လို့ မတ်လ ၃ ရက်မှာ လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။
ဗြိတိန်ပိုင် ကုန်တင်သင်္ဘောရူဘီမာဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဟူသီစစ်သွေးကြွတွေ ပစ်ခတ်တာကိုခံရလို့ သင်္ဘောဖျက်ဒုံးကျည် ထိမှန်သွားတယ်လို့ အမေရိကန်စစ်တပ်က မတ် ၂ ရက်မှာ အတည်ပြု ပြောဆိုပြီးတဲ့နောက် အစ်ဇီက ခုလိုပြောလိုက်တာပါ။
ဟူသီစစ်သွေးကြွတွေဟာ ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းတွေနဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်နေပြီလို့ ပြောရင်း နိုဝင်ဘာလလယ်ကတည်းက နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။
ပင်လယ်နီထဲက သင်္ဘောတွေကို တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံထဲက ဟူသီပစ်မှတ်တွေကို ဇန်န၀ါရီလထဲမှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။
Source/Photo-Reuters