အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ရာဂျက်စတန်ပြည်နယ်၊ ဘိခါနာမြို့မှာ ဓမ္မကို ကာကွယ်စောင့်ရှောက်သူလို့ နာမည်ပေးထားတဲ့ ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ပေါင်းစပ်လေ့ကျင့်ရေးအတွက် လေ့ကျင့်ခန်းကို မတ်လ ၃ ရက်မှာ ဆင်နွှဲခဲ့ပါတယ်။
နှစ်စဉ် ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
အိန္ဒိယနဲ့ ဂျပန်စစ်တပ်တို့ဟာ သဲကန္တာရတပိုင်း စစ်ဆင်ရေးအတွက် ကြိုပြင်ဆင်ဖို့ ပစ်မှတ် ပစ်ခတ်မှုနဲ့ ရဟတ်ယာဉ် လေ့ကျင့်ခန်းတွေလို တိုက်ပွဲအမျိုးမျိုးကို လေ့ကျင့်ခဲ့ကြပါတယ်။
သီတင်းပတ် နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို မတ် ၉ ရက်မှာ အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။
Source/Photo-Reuters