မလေးရှားနိုင်ငံမှာ ဆေးရုံတက်ခဲ့ရတဲ့ နော်ဝေဘုရင် ဟာရဲလ်ဒ်ဟာ မတ် ၃ ရက်နေ့မှာ ဆေးရုံက ဆင်းပြီး နော်ဝေနိုင်ငံကို ဆေးဘက်ဆိုင်ရာ အထူးလေယာဉ်နဲ့ ပြန်လာပြီဖြစ်တယ်လို့ နော်ဝေ မီဒီယာတွေက ဖော်ပြပါတယ်။
သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးဟာ လန်ကာဝီအပန်းဖြေကျွန်းမှာ လာရောက် လည်ပတ်နေတဲ့အချိန် ရုတ်တရက် ဆေးရုံတက်ခဲ့ရာတာဖြစ်ပြီး လက်ရှိမှာ ယာယီနှလုံးစက် တပ်ထားရတယ်လို့ ဆိုပါတယ်။
ဘုရင်ကြီးကို အိမ်ပြန်ခေါ်ဖို့အတွက် ရှေ့ရက်တွေကတည်းက စီစဉ်နေတာဖြစ်ပြီး သယ်ယူဖို့ရာ စစ်ဘက်က ကူညီပေးဖို့ နော်ဝေအစိုးရက အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။
ဟာရဲလ်ဒ် ဘုရင်ဟာ ၁၉၉၁ ခုနှစ်ကတည်းက နော်ဝေနိုင်ငံရဲ့ စည်းမျဉ်းခံဦးသျှောင် ဖြစ်လာခဲ့သူ ဖြစ်ပြီး ဥရောပမှာ အသက်အကြီးဆုံးဘုရင် ဖြစ်ပါတယ်။
သူဟာ မကြာသေးမီနှစ်တွေထဲမှာ ရောဂါပိုးကူးစက်မှုနဲ့ မကြာခဏဆေးရုံတက်ခဲ့ရသလို နှလုံးခွဲစိတ်မှုတွေလည်း လုပ်ခဲ့ရပါတယ်။
Source/Photo-NTB/Cornelius Poppe via REUTERS