ဟွန်ဒူးရပ်စ်နိုင်ငံအနောက်ပိုင်း အဝေးပြေးလမ်းမပေါ်မှာ ဘတ်စ်ကား ၂ စီး မတော်တဆမှု ဖြစ်တာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး တဒါဇင်လောက် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
ဟွန်ဒူးရပ်စ်သမ္မတ စီယိုမာရာ ကက်စထရိုက သေဆုံးသူတွေရဲ့ မိသားစုတွေ ဝမ်းနည်းကြောင်း ပေးပို့ခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ထားပါတယ်။
ဒဏ်ရာရသူ ၁၄ ဦးလောက်ကို ဆန်တာရိုဆာ ဒီကိုးပန်မြို့မှ အနောက်ပိုင်း ဒေသန္တရဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်တဦး အပါအဝင် ဒဏ်ရာရရှိသူ ၂ ဦး သေဆုံးသွားကြောင်း ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ လက်စ်ဘီယာ ဗီညယ်ဒါက ဒေသတွင်းမီဒီယာကို ပြောပါတယ်။
တိုက်မိကြတဲ့အထဲမှာ ယာဉ်တစီးဟာ ပုံမှန်လမ်းကြောင်းအတိုင်း ပြေးဆွဲနေတဲ့ အများပိုင် ဘတ်စ်ကားဖြစ်ပြီး ကျန်တစီးက ရွှေ့ပြောင်းနေထိုင်သူတွေကို နယ်စပ်ကိုပို့ဆောင်ဖို့ ပုဂ္ဂလိက ဘတ်စ်ကားဌာနမှ ပြန်လာရင်း တိုက်မိကြတာ ဖြစ်ပါတယ်။
Source/Photo-Reuters