Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦး ဖမ်းဆီးခံရ
DVB
·
February 29, 2024
workers 2922024

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦး ဖေဖော်ဝါရီ ၂၉ ရက် မနက် ၅ နာရီလောက်က တာခ်ခရိုင် မဲ့လမမြို့ နဲ့ ကျူ့တိုက်နယ် မယ်လဒုက္ခသည်စခန်းအနီး အဝင်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ မြဝတီမြို့မှတဆင့် မဲဆောက်နဲ့ ဘန်ကောက်မြို့ကြီးတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် ကားတစီးနဲ့ လာခဲ့ကြတာဖြစ်ပြီး ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးမိတဲ့ လူကုန်ကူးသူ ၂ ဦးအပါအဝင်  ကျား ၆ ဦး၊ မ  ၂ ဦး စုစုပေါင်း ၈ ဦးကို မော်တော်ယာဉ်နဲ့အတူ လူကုန်ကူးမှုဥပဒေအရ တရားစွဲတင်နိုင်ဖို့ ထိုင်းစစ်တပ်က မဲ့လမမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024