Home
နိုင်ငံတကာ
ဘရာဇီးတွင် သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး မျိုးရိုးဗီဇပြုပြင်ထားသည့် ခြင်များဖြင့် စမ်းသပ်နေ
DVB
·
February 29, 2024
Biotech company bets on GMO mosquitoes to fight dengue in Brazil as cases surge

ဗြိတိန်ဇီဝနည်းပညာကုမ္ပဏီ အောက်ဇီတက်ခ်ဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို လျှော့ချရေး ကြိုးပမ်းရာမှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေကို လွှတ်ပေးတာ အပါအ၀င် ဘရာဇီးနိုင်ငံမှာ တဟုန်ထိုး ကူးစက်နေတဲ့ သွေးလွန်တုပ်ကွေးအတွက် အဖြေတခုရရေး ကြိုးပမ်းနေပါတယ်။ 

ခြင်မတွေကသာ လူကိုကိုက်ပြီး တုပ်ကွေးရောဂါကို ဖြန့်ဖြူးကူးစက်စေတာကြောင့် ခြင်ကောင်ရေကို လျှော့ချဖို့ ခြင်မတွေကို အရွယ်မတိုင်ခင် သေဆုံးစေတဲ့ မျိုးဗီဇကို သယ်ဆောင်ထားတဲ့ အေးဒီးစ်ခြင်ထီးမျိုးကို ကုမ္ပဏီက တီထွင်နေတာပါ။

မျိုးဗီဇ ပြင်ထားတဲ့ ခြင်တွေကို ဒေသတွင်းမှာ လွှတ်ပေးလိုက်ရင် ခြင်တွေ ပွားများလာနိုင်ပေမဲ့ စုစုပေါင်း ခြင်ကောင်ရေကတော့ လျော့ကျသွားမှာ ဖြစ်ပါတယ်။ 

ကုမ္ပဏီက မျိုးဗီဇပြင်ထားတဲ့ခြင်နဲ့ စမ်းသပ်ပေးတဲ့ ရပ်ကွက်ထဲမှာ ခြင်ကောင်ရေဟာ မစမ်းရသေးတဲ့ ရပ်ကွက်ထက် ၉၀ ရာခိုင်နှုန်းအထိ နည်းပါးနေတယ်လို့ ဘရာဇီးအခြေစိုက် အောက်ဇီတက်ခ်ရဲ့ အထွေထွေမန်နေဂျာ နာတာလီယာ ဖရေးရာက ပြောပါတယ်။

ဘရာဇီးနိုင်ငံ ဆော်ပေါလိုပြည်နယ်ထဲက စူဇာနိုမြို့မှာ အခုလအစောပိုင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီးတဲ့နောက် ဒီဖြေရှင်းချက်ကို သုံးနေပြီလို့ ဆန်းသစ် တီထွင်ထားတဲ့ ဒီစီမံကိန်းကို တခြားမြို့တွေမှာလည်း လုပ်ဆောင်နေပြီး အသုံးဝင်နိုင်တယ်လို့ မြို့တော်ဝန် ရိုဒရီဂို အရှုချီက ပြောပါတယ်။

ဘရာဇီးနိုင်ငံဟာ ပူပြင်းတဲ့မိုးရာသီကြောင့် ၂၀၂၄ အစောပိုင်းလတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေး ကူးစက်ခံရတာ ဖြစ်နိုင်သူ ၉၇၀,၀၀၀ ကျော် ရှိပြီး သွေးလွန်တုပ်ကွေးကြောင့် လူ ၁၉၅ ဦး သေဆုံးခဲ့ကာ နောက်ထပ်သေဆုံးသူ ၆၇၂ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024