အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးနဲ့ မစ်ရှီဂန်ပြည်နယ်တွေမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်အစောပိုင်းက ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ နေရာအနှံ့ ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
အိုဟိုင်းယိုးပြည်နယ်၊ ကလာ့ခ်မြို့နယ်မှာတော့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ အမြစ်ကနေ ကျွတ်ထွက်နေတဲ့ သစ်ပင်တွေကို မြင်တွေ့နိုင်ပါတယ်။
မီချီဂန်ပြည်နယ်၊ ဂရန်းဒ်ဘလန့်စ်မြို့မှာ မုန်တိုင်းတွေကြောင့် မော်တော်ယာဉ် အစိတ်အပိုင်း ဖြန့်ဖြူးရေးဂိုဒေါင် အပါအဝင် ဒေသတွင်း အဝေးပြေးလမ်းမကြီးတလျှောက်က စက်မှု အဆောက်အအုံတွေ ပြိုကျခဲ့ပါတယ်။
ကင်းလှည့်နေတုန်း မြို့ထဲမှာ လေဆင်နှာမောင်း တိုက်သွားတာကို တာဝန်ရှိသူတွေ တွေ့ခဲ့တယ်လို့ ဂရန်းဒ် ဘလန့်ခ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရ သေဆုံးမှု သတင်းတွေ မကြားရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
လေဆင်နှာမောင်းဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ မုန်တိုင်းလှိုင်းတွေဟာ အမေရိကန် အနောက်အလယ်ပိုင်းကနေ အရှေ့မြောက်ပိုင်းအထိ ဒေသတွင်းကို အမေရိကန် စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညတလျှောက်လုံး ဖြတ်သန်းသွားတာကို Accuweather မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters