အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မန်ယူနိုက်တက်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံခဲ့ပါတယ်။
မန်ယူအသင်းဟာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့ညက ကစားခဲ့တဲ့ ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ကတ်စမီရိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်တက်ရောက် လာခဲ့တာပါ။
လီဗာပူးကလည်း လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့အတူ ဆောက်သမ်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။
လက်ရှိချန်ပီယံမန်စီးတီးက ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့ပြီး ချဲလ်ဆီးနဲ့ လက်စတာ၊ ဝုဗ်နဲ့ ကိုဗင်ထရီတို့ တွေ့ဆုံပါတယ်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် မတ်လ ၁၆ ရက်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
Photo-Reuters