ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ညစ်ညမ်းတဲ့အပြုအမူနဲ့ ပြိုင်ဘက် ပရိသတ်တွေကို တုံ့ပြန်ခဲ့တဲ့စီရော်နယ်ဒိုကို ပွဲပယ်ပြစ်ဒဏ်ချမှတ်သွားဖို့ ရှိပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ကစားခဲ့တဲ့ အယ်လ်ရှာဘက်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အယ်လ်နာဆာအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒိုက ပင်နယ်တီကနေ တဂိုးသွင်းခဲ့ပါတယ်။
အိမ်ရှင် အယ်လ်ရှာဘက်ပရိသတ်တွေဟာ မက်ဆီအမည်ကို အော်ဟစ်အားပေးခဲ့ကြပြီး စီရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ကြတဲ့အပေါ် ရော်နယ်ဒိုက ဒေါသဖြစ်ခဲ့တာပါ။
ပွဲအပြီး အောင်ပွဲခံရာမှာ အယ်လ်ရှာဘက်ပရိသတ်တွေဘက်ကို ညစ်ညမ်းတဲ့ အမူအယာနဲ့ တုံ့ပြန်ခဲ့တာပါ။
ပွဲအပြီး ကွင်းထဲကနေထွက်ခွါရာမှာလည်း ပရိသတ်တွေဘက်က ပစ်ပေါက်လိုက်တဲ့ ပုဝါကို ပေါင်ကြားထဲထည့်ပြီး လွှတ်ပစ်ခဲ့တာပါ။
ဒီလိုအပြုအမူဟာ ဆော်ဒီလို ဘာသာရေးယုံကြည်မူ မြင့်မားတဲ့နိုင်ငံမှာ မသင့်တော်တဲ့ အပြုအမူဖြစ်ပြီး နှစ်ပွဲ ပွဲပယ်ပြစ်ဒဏ်ချဖို့ရှိပါတယ်။
ရော်နယ်ဒို ကတော့ အသင်းအားလုံးကို လေးစားကြောင်း အောင်ပွဲခံရာမှာ ပျော်ရွှင်မူကို ပြသတာသာဖြစ်ပြီး ဥရောပမှ အသားကျနေတဲ့ အောင်ပွဲခံမှု ဖြစ်ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။
Photo-Reuters