မန်ယူ၊ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ အဲဗာတန်ကွင်းလယ်လူ အမာဒူအိုနားနားကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေပါတယ်။
အသက် ၂၂ နှစ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ အိုနားနားဟာ ၂၀၂၂ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဗာတန်မှာ ခြေစွမ်းပြနေတာပါ။
စပိန်သတင်းစာ Sport ရဲ့ အဆိုအရ မန်ယူအသင်းဟာ အိုနားနားကို ခေါ်ယူလိုတဲ့ အသင်းတသင်း ဖြစ်လာခဲ့ပြီး အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတွေနဲ့ အပြိုင်ခေါ်ယူသွားရဖို့ရှိကြောင်း ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စမီရိုကို ရောင်းချဖို့ရှိတဲ့အတွက် အိုနားနားနဲ့ အစားထိုးချင်တာဖြစ် တယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဗာတန်အသင်းဘက်ကတော့ အရပ် ၆ ပေ ၅ လက်မရှိ အိုနားနားအတွက် ယူရိုသန်း ၆၀ ဈေးနူန်း သတ်မှတ်ထားတာပါ။
အာဆင်နယ်ဘက်က အဲဗာတန် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးပေးချေဖို့ အသင့်ရှိနေပြီး ဘာစီလိုနာဘက်ကတော့ ယူရိုသန်း ၄၀ လောက်နဲ့ရမှ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။
Photo-Reuters