Home
မြန်မာသတင်း
ရွှေတြိဂံဒေသသို့ မသွားရန် တောင်ကိုရီးယားအစိုးရ သတိပေး
DVB
·
February 28, 2024
Khaing 1022024

အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့အတူ ရာဇဝတ်မှုတွေ တိုးပွားလာနေတဲ့ မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်  ရွှေတြိဂံဒေသကို မသွားကြဖို့  တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို  သတိပေးထားတယ်လို့ ကိုရီးယားယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ရက်စွဲနဲ့ သတိပေးချက်မှာတော့ ကိုရီးယားနိုင်ငံသားတွေအနေနဲ့ အဆိုပါ ဒေသတွင်းမှာ ငွေကြေးအမြတ်အစွန်းများများ ရရှိနိုင်မယ်ဆိုတဲ့ ကတိကဝတ် တွေနဲ့ လူတွေကို ဖြားယောင်းသွေးဆောင်ပြီးတော့ တရားမ၀င်လှုပ်ရှားမှုတွေထဲ ပြန်ပေးဆွဲ အတင်းအကြပ် ခိုင်းစေတာမျိုးတွေ မကြာသေးခင်က တိုးလာတာကြောင့် ပိုမိုပြီးတော့ သတိထားကြဖို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လတ်တလောမှာတော့ အစိုးရအနေနဲ့ ထိုင်းကတဆင့် အဆိုပါ ဒေသတွင်း အလုပ်လုပ် ကိုင်နေကြတဲ့ ကိုရီးယားနိုင်ငံသားတွေအတွက် လာအိုနဲ့ မြန်မာနိုင်ငံဘက်ကို ကူးဖို့ နယ် စပ် စစ်ဆေးရေးဂိတ်နှစ်ခုဖြစ်တဲ့ ချင်းဆန်နဲ့ မယ်ဆိုင်တို့မှာ အထူးခရီးသွား အကြံပေး ချက်တွေ ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းကတော့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က တ ရားမဝင် ဒုစရိုက်လုပ်ငန်းတွေမှာ တောင်ကိုရီးယားနိုင်ငံသား ၁၉ ယောက် ပိတ်မိခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့ ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက  တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပြန်ပေးဆွဲ အဓမ္မခိုင်းစေခံရသူပေါင်း ၁၄၀ နဲ့သက်ဆိုင်တဲ့  အမှုပေါင်း ၅၅ မှု  ရှိခဲ့တယ်လို့ တောင်ကိုရီးယား ဝန်ကြီးဌာနကနေ သိရပါတယ်။ 

Source: Yonhap

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024