ဥရောပအလယ်ပိုင်းက မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ဝင် လေးနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေက ယူကရိန်းနိုင်ငံဆီ သူတို့ရဲ့ ကြည်းတပ်တွေကို ပို့ဖို့ အစီအစဉ်မရှိဘူးလို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံက ဖြစ်နိုင်ခြေကို အရိပ်အမြွက် ပြောခဲ့အပြီး ရုရှားအစိုးရက အလားတူ ဘယ်လိုလှုပ်ရှားမှုမဆို နေတိုးနဲ့ ရုရှားကြား ပဋိပက္ခကို မလွဲမသွေ ဦးတည်စေလိမ့်မယ်လို့ သတိပေးခဲ့အပြီးမှာ ခုလိုပြောခဲ့တာပါ။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက အနောက်မဟာမိတ်တွေဟာ ယူကရိန်းမှာ ရုရှားက အောင်ပွဲမခံနိုင်အောင် တားဆီးရေး ကြိုးပမ်းရာမှာ ရွေးချယ်စရာမရှိဘူး ဆိုတဲ့အချက်ကို ဖယ်ထုတ်ထားသင့်တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောခဲ့ပေမဲ့ အခုအဆင့်မှာ သဘောမတူဘူးလို့ အလေးပေးပြောခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ပိုလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတို့က ဝန်ကြီးချုပ်တွေက သဘောထားမှတ်ချက်တွေနဲ့ ခပ်ကင်းကင်းနေခဲ့တာပါ။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နဲ့ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုတို့ဟာ မနှစ်က ရာထူးရခဲ့ပြီး ယူကရိန်းဆီ လက်နက်တွေ ပို့မှာမဟုတ်ဘူးလို့ အရင်တည်းက ပြောခဲ့သူတွေပါ။
ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့ကတော့ ယူကရိန်းအစိုးရအတွက် အပြင်းထန်ဆုံး စစ်ဘက်ဆိုင်ရာ ကျောထောက်နောက်ခံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
ယူကရိန်းမှာ တပ်တွေမချထားရေး သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲနိုင်တဲ့ အနာဂတ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာ မဖြစ်သင့်ဘူးလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ်က ချက်နိုင်ငံဝန်ကြီးချုပ် ပီတာ ဖီယာလာနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
Source/Photo-Reuters