မန်စီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက လီဗာပူးနည်းပြရာထူးအတွက် အသင်းကစားသမားဟောင်း ဇာဘီ အလွန်ဆို အပေါ် ထောက်ခံမှုရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
လူတန်တောင်းအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အလွန်ဆိုကို ချီးကျူးပြောဆိုခဲ့တာပါ။
ဒီနှစ် ရာသီကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ သေချာနေတဲ့ ကလေ့ာပ်ရဲ့နေရာကို လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုနဲ့ အစားထိုးမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ကလော့ပ် မရှိတော့ရင်တောင် လာမယ့်ရာသီမှာ ပိုပြီးလွယ်ကူလာမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဂွါဒီယိုယာက “အမှန်တိုင်းပြောရရင် အံ့အားသင့်စရာပါပဲ။ ဘိုင်ယန်မြူးနစ်နဲ့ တန်းတူရင်ဆိုင်နိုင်ပြီး ပြိုင်ပွဲအားလုံးမှာပါ ရှုံးပွဲမရှိသေးတဲ့ မော်ဒန်ဘောလုံးလောကရဲ့ တခုတည်းသော အသင်းပါ။ ဘောလုံးသမားဘဝမှာပါ မယုံနိုင်လောက်စရာ ထိပ်တန်းကစားသမားတဦး ဖြစ်ပါတယ်။ တကယ်လို့သာ ထိပ်တန်းအဆင့်မှာ ရှိမနေခဲ့ရင် လီဗာပူး၊ ရီးရဲယ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်ဆိုစီဒက်လို အသင်းတွေအတွက် ကစားခွင့်ရမှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပေးပါတယ်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို အလွန်ဆိုရဲ့ ေလဗာကူဆင်အသင်းက ၈ မှတ်အထိဖြတ်ပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းတရပ် ပိုင်ဆိုင်ထားပါတယ်။
လေဗာကူဆင်ဟာ ဒီရာသီပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၂၉ ပွဲအနိုင်၊ ၄ ပွဲသရေ ရလဒ် ပိုင်ဆိုင်ထားသလို ဥရောပ ထိပ်တန်းပြိုင်ပွဲအားလုံးမှာလည်း ရှုံးပွဲလုံးဝမရှိသေးတဲ့အသင်း ဖြစ်ပါတယ်။
ဂွါဒီယိုလာ ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူခဲ့စဉ်က ကွင်းလယ်လူဟောင်း အလွန်ဆိုနဲ့ လက်တွဲခဲ့ဖူးပါတယ်။
Source/Photo-Reuters