Home
နိုင်ငံတကာ
နာဗယ်လ်ညီ အလောင်းကို မိခင်ဖြစ်သူထံ လွှဲပြောင်း
DVB
·
February 26, 2024
Navalny_26022024

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ အလောင်းကို အာတိတ်ဒေသ ဆာလီခါဒ်မြို့မှာ မိခင်ဖြစ်သူထံ ဖေဖော်ဝါရီ ၂၄ ရက်က လွှဲပြောင်းပေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရုပ်အလောင်းကို ဘယ်လိုဆက်လုပ်မလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ မိသားစုနဲ့ ထောက်ခံသူတွေကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နာဗယ်လ်ညီကို မသေသေအောင် သတ်ခဲ့တာလို စွပ်စွဲကြပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း အဆိပ်ခတ်ခံရပြီး သေမလိုဖြစ်ခဲ့သလို ထောင်ထဲမှာလည်း ကာလရှည် တိုက်ပိတ်တာမျိုးတွေ အပါအဝင် ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထားရှိတဲ့ထောင်ကလည်း အာတိတ်ဝံပုလွေလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အေးခဲလွန်းတဲ့ အာတိတ်ဝင်ရိုးစွန်းဒေသက အကျဉ်းစခန်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းကတော့ အလောင်းကို စျာပနအခမ်းအနားနဲ့ လူသိရှင်ကြားမချဘဲ တိတ်တဆိတ် အသုဘချဖို့ နာဗယ်လ်ညီရဲ့မိခင်သာ သဘောမတူဘူးဆိုရင် အလောင်းထုတ်မပေးဘူးဆိုပြီး ခြိမ်းခြောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူက အဲဒီတောင်းဆိုချက်ကို သဘောမတူရင် အကျဉ်းစခန်းမှာပဲ မြှုပ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အလောင်းပြန်ပေးဖို့ သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024