Home
နိုင်ငံတကာ
အော်ဒီးစီးယပ်စ် လဆင်းယာဉ် ဘေးတစောင်းလဲ သွားသော်လည်း အလုပ်လုပ်နိုင်ဟု ပြော
DVB
·
February 24, 2024
moon 2322024

အော်ဒီးစီးယပ်စ်လဆင်းယာဉ်ဟာ ဆင်းသက်ချိန်မှာ ဘေးတစောင်းလဲသွားခဲ့ပေမဲ့ ကျောက်ဆောင် တခုပေါ် ခေါင်းမှီထားသလို ဖြစ်သွားခဲ့ပြီး ပုံမှန်အလုပ်လုပ်နိုင်တယ်လို့ Intuitive Machines ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူက ဖေဖော်ဝါရီ ၂၃ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ (မြန်မာစံတော်ချိန်အရ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း)  လမျက်နှာပြင်ပေါ်   ဆင်းသက်နိုင်ခဲ့တဲ့ အော်ဒီးစီးယပ်စ် ယာဉ်ဟာ ကမ္ဘာ့ပထမဆုံးပုဂ္ဂလိက လဆင်း ယာဉ်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ 

ဘေးတစောင်းကြီးလဲနေပေမဲ့ ရေဒီယိုအင်တာနာတွေက ကမ္ဘာဘက်ကို ချိန်ထားဆဲဖြစ်သလို ဆိုလာဆဲလ်တွေကလည်း ဘက်ထရီစနစ်ကို အားသွင်းဖို့ စွမ်းအင်ရယူနိုင်ဆဲဖြစ်တယ်လို့ စီအီးအိုနဲ့ တည်ထောင်သူ စတိဗ်အဲလ်တီးမတ်စ်က  လဆင်းယာဉ် ပုံစံငယ်နဲ့ ရှင်းပြခဲ့ပါတယ်။ 

လက်ရှိမှာ လဆင်းယာဉ်က ရိုက်ကူးထားတဲ့ ပုံတွေ ရယူနိုင်ဖို့ ဆောင်ရွက်ဆဲဖြစ်ပြီး ရရှိတာနဲ့ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။ 

ဘာဖြစ်သွားလဲဆိုတာ သေချာမသိရပေမယ့် အချက်အလက်တွေအရ အော်ဒီးစီးယပ်စ်ဟာ ခြေတဖက် လမျက်နှာပေါ်ချအပြီးမှာ ဆင်းသက်တဲ့အခိုက်အတန့် ဘေးတိုက်လှုပ်ရှားမှုကြောင့် လဲကျ သွားတယ်လို့ ယူဆရပါတယ်။ 

ခြေတချောင်းကျိုးသွားတာလည်း ဖြစ်နိုင်ခြေ တခုလို့ သတ်မှတ်ထားပါတယ်။

လလေ့လာရေးပစ္စည်းအများစုဟာ လဲသွားတဲ့ယာဉ်ရဲ့ အပေါ်လန်နေတဲ့ဘက်ခြမ်းမှာရှိနေတာက ကံကောင်းသွားတဲ့အချက်ဖြစ်ပြီး ရည်ရွယ်ထားတဲ့လေ့လာမှုအများစုလုပ်နိုင်မယ်လို့ဆိုပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024