ဒိန်းမတ်နိုင်ငံဟာ ယူကရိန်းနဲ့ ၁၀ နှစ်ကြာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘော တူညီချက်ကို ဖေဖော်ဝါရီ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့အတွက် ဥရောပဟာ လက်နက်တွေ အမြန်ပြန်ဖြည့်တင်းဖို့ လိုအပ်နေပြီလို့ ဒိန်းမတ်နိုင်ငံ က ပြောကြားလိုက်ပါတယ်။
ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ်တို့ လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ ၂ နိုင်ငံ သဘောတူညီချက် တွေဟာ ယူကရိန်းနဲ့ ၂ နိုင်ငံအကြား “ရေရှည်လုံခြုံရေး ကတိကဝတ်တွေနဲ့ အစီအစဉ်တွေ” ကို တည်ထောင်ဖို့ မနှစ်တုန်း G7 နိုင်ငံတွေမှ ကတိပြုချက်ကို လိုက်နာခဲ့ကြတာ ဖြစ်ပါတယ်။
ယူကရိန်းကို အခိုင်အမာ ထောက်ခံသူ ဒိန်းမတ်ဟာ သူ့ရဲ့စီးပွားရေးအင်အားနဲ့ နှိုင်းယှဉ်ရင် စစ်ဘက်ဆိုင်ရာ အကူအညီ အကြီးမားဆုံး ကူညီပံ့ပိုးသူတွေထဲမှာ ပါဝင်ပါတယ်။
ယူကရိန်းအတွက် သူ့ရဲ့ ခရိုနာ ၁ ဒသမ ၇ ဘီလီယံတန် စစ်ဘက်ဆိုင်ရာအကူအညီ ပက်ကေ့ချ်အသစ်ကို ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒိန်းမတ်ဟာ မကြာခင်မှာ ယူကရိန်းကို F-16 ဂျက် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ မျှော်လင့်ထားတယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင်က ပြောပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ်ဟာ ယူကရိန်းမှာ ရောက်ရှိနေပြီး သောကြာနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းဟာ လုံခြုံရေး သဘောတူညီချက်တွေကို ကြိုဆိုလိုက်ပြီး ဘယ်အဖွဲ့ဝင်ကိုမဆို တိုက်ခိုက် ခံရရင် ကာကွယ်ပေးဖို့ ကတိပြုထားတဲ့ အနောက်နိုင်ငံ ကာကွယ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။
အဲဒီသဘောတူညီချက်မှာ ယူကရိန်းရေတပ် ဖွံ့ဖြိုးတိုးတက်ရေးအပြင် မိုင်းရှင်းလင်းရေး ကြိုးပမ်း မှုတွေနဲ့ နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ အကူအညီတွေကိုလည်း ပံ့ပိုးပေးမယ်လို့ မျှော်မှန်း ထားပါတယ်။
အနာဂတ်မှာ ရုရှား လက်နက်ကိုင်တိုက်ခိုက်မှု ရှိလာရင် ချက်ခြင်း ညှိနှိုင်းဆွေးနွေးကြဖို့ နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။
Source/Photo - Reuters