Home
မြန်မာသတင်း
ထိုင်းဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်ရှိ
DVB
·
February 23, 2024
thai 2322024

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းဖို့ ကြိုးစားလာချိန်မှာ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးမှာ ပြည်ဝင်းခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ထိုင်းသံရုံးက အွန်လိုင်းကနေလျှောက်ထားမှုကို တနေ့ကို အယောက် ၈၀၀ အထိ တိုးပေးထားတယ်လို့  ပြောခွင့်ရအမျိုးသမီး ကန်ချာနာပတာရာချုတ်ခ်က ပြောပါတယ်။

အယောက် ၄၀၀ ကို သံရုံးဘက်က ဗီဇာထုတ်ပေးမှာဖြစ်ပြီး နောက် ၄၀၀ ကိုတော့ ကမ္ဘာတဝန်းက သံရုံးတွေကသုံးတဲ့ ပြင်ပဝန်ဆောင်မှုကုမ္ပဏီ VFS Global ကနေ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဘွတ်ကင်ယူထားကြတာ မတ်လ ၁ ရက်နေ့အထိ ပြည့်နေပြီဖြစ်ပြီး လျှောက်ထားသူ ပိုတိုးလာမယ်လို့ မှန်းထားကြောင်း ကန်ချာနာက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နိုင်ပေမယ့် အများဆုံး ၁၄ ရက်သာ နေလို့ရပါတယ်။

ဒါပေမဲ့ ဒီထက်ပိုကြာကြာနေမယ်ဆိုရင်တော့ သက်ဆိုင်ရာ ဗီဇာအမျိုးအစားအလိုက် လျှောက်ထားဖို့ လိုအပ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024