ဂျာမနီနည်းပြ နာဂယ်စ်မန်းရဲ့တောင်းဆိုချက်အရ အသင်းမှာပြန်လည်ကစားမယ်လို့ တိုနီခရူးစ်က ပြောသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ် ကစားသမားဟာ ၂၀၂၁ ခုနှစ် ဇူလိုင်းလကတည်းက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာပါ။
ဂျာမနီအတွက်ပြန်လည်ကစားပေးတော့မှာဖြစ်ပြီး နည်းပြရဲ့ တောင်းဆိုမှုကြောင့် ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ခရူးစ်က ပြောပါတယ်။
ဂျာမနီအသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ရလဒ်ပိုင်း ကောင်းမွန်လာခြင်းမရှိသေးချိန်မှာ ဝါရင့်ကွင်းလယ်လူ ခရူးစ်ကို ပြန်လည်ခေါ်ယူခဲ့တာပါ။
ဂျာမနီအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ ပြင်သစ်၊ ဟော်လန် အသင်းတွေနဲ့ ခြေစမ်းသွားမှာပါ။
ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ စကော့တလန် အသင်းတွေနဲ့ တအုပ်စုတည်းတွေ့ဆုံနေတာ ဖြစ်ပါတယ်။
Photo-Reuters