သြစတြေးလျနိုင်ငံရဲ့ တောင်ပိုင်း ဝိတိုရိယပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ပြည်နယ်အနောက်ပိုင်းရှိ မြို့တွေကနေ လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဘဲလရတ်မြို့ရဲ့ အနောက်မြောက်ဘက်မှာ မြေဧကပေါင်း ၁၂,၀၀၀ ကျော် လောင်ကျွမ်းနေတာ ဖြစ်ပြီး အဲဒီနေရာမှာလည်း ထပ်ပြီး အနောက်ဘက်ကို ထိန်းချုပ်မရ ဆက်လောင်ကျွမ်းပါတယ်။
ပြည်နယ်အရေးပေါ်ဌာနက လူ ၂,၀၀၀ ဝန်းကျင်လောက် နေထိုင်ကြတဲ့ ရဂ်လန်နဲ့ ဘိုးဖှို့ထ် မြို့တွေနဲ့ အနီးဝန်းကျင်ဒေသတွေက လူတွေကို ဘေးကင်းတဲ့ အရှေ့ဘက်ရှိ ဘဲလရတ်မြို့ဆီ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ မီးဘေးအန္တရာယ်အတွက် သတိပေးချက်တွေ မြင့်မားနေပြီး မိုးလေဝသဌာနဟာ လေပြင်းတိုက်ခတ်တာ၊ ခြောက်သွေ့တာနဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နိုင်တာတို့ကြောင့် ခရိုင်အများအပြားအတွက် မီးအန္တရာယ်သတိပေးချက်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters