ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ တနှစ်တာကာလအတွင်းမှာ ၅၃ ပွဲကစားပြီး ၄၇ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ တဂိုးထပ်သွင်းခဲ့ပြီး စုစုပေါင်း ၄၇ ဂိုး အထိ ရှိလာခဲ့တာပါ။
တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိနေတဲ့ စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး လုပ်ခလစာရရှိမှုနဲ့အတူ သွင်းဂိုးတွေနဲ့လည်း ပြန်လည်ပေးဆပ်နေတာဖြစ်ကြောင်း စပိန်မီဒီယာ မာကာသတင်းစာက ဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ အသင်းနဲ့ စာချုပ်ချုပ်ဆိုစဉ်ကလည်း လက်မှတ်ထိုးကြေးအဖြစ် ယူရိုသန်း ၁၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားတဲ့ အယ်လ်နာဆာအသင်းဟာ ကွာတားမှာ ယူအေအီးကလပ် အယ်လ်အိန်းနဲ့ တွေ့ဆုံနေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်ပွဲစဉ် ၂၀ အပြီးမှာတော့ အဆင့်တစ်နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၇ မှတ် အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Photo-Reuters