Home
မြန်မာသတင်း
ဆောနှင့် ကျောက်ထု PDF က ရဲဘော်သစ်များ ဖိတ်ခေါ်
DVB
·
February 23, 2024
pdf 2322024

မြေပြင်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ မကွေးတိုင်း၊ ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force - Saw & Kyaukhtu ကနေ  တပ်ဖွဲ့ဝင်ရဲဘော်သစ်တွေ ဖိတ်ခေါ်နေပါ တယ်။

အဆိုပါတပ်ရင်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းဖြစ်ပြီးတော့  အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်တဲ့ လူငယ်တွေကို ဖိတ်‌ ခေါ်နေတာပါ။

လျှောက်ထားသူတွေဟာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့ စစ်သည်တော် ကျင့်ဝတ် စည်းမျဥ်း/စည်းကမ်းတွေကို လေးစားလိုက်နာရမှာဖြစ်ကာ တော်လှန်ရေးကာလ ပြီးဆုံးတဲ့တိုင်အောင် တာဝန်ထမ်းဆောင်လိုစိတ် ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာတွေအပေါ် မူတည်ပြီး တာဝန် ထမ်းဆောင်လိုပါကလည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်တဲ့အကြောင်း စစ်ကောင်စီက  ကြေညာခဲ့ ပြီးနောက်မှာပဲ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေကို တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေ အသီးသီးကပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ဖိတ် ခေါ်နေပြီး သက်ဆိုင်ရာ တော်လှန်ရေးစစ်ကြောင်း၊ တပ်ရင်းတွေ အသီးသီးရဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်‌တွေကို လူမှုကွန်ရက်တွေမှာ ထုတ်ပြန်‌ထားတာ တွေ့ရပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပြီး ဒီကြေညာချက် ထွက်လာပြီးနောက် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက် တွေကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာ သိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ် ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသိပညာ အတတ်ပညာ တခုခု တတ်မြောက်ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြား အတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို ၂ နှစ် သတ်မှတ်ထားပေမဲ့ ကျွမ်းကျင်အဆင့် ဆိုရင်တော့ နိုင်ငံအရေးပေါ်အခြေအနေဆိုရင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

လတ်တလောမှာတော့ ဒီဥပဒေအပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အပါအဝင် တော်လှန်ရေးအင်အားစုတွေ အသီးသီးက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024