စပိန်နည်းပြ ဇာဗီအလွန်ဆိုဟာ လီဗာပူးကို ငြင်းပယ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ သောမက်စ်တူချယ်နဲ့ လမ်းခွဲလိုက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နည်းပြသစ် တဦးခန့်အပ်ဖို့ ရှာဖွေးသွားရမှာပါ။
ရာသီကုန်ဆုံးချိန်မှာတော့ ပြိုင်ဘက် လီဗာကူဆင်နည်းပြ ဇာဗီအလွန်ဆိုကို ခေါ်ယူဖို့ ဆွေးနွေးမှာ ဖြစ်ပြီး လီဗာပူးထက် ပိုပြီးရေပန်းစားလာခဲ့တာပါ။
လတ်တလောမှာတော့ သောမက်စ်တူချယ်ကိုပဲ ရာသီကုန်ဆုံးချိန်အထိ တာဝန်ယူ စေမှာဖြစ်ပါတယ်။
အလွန်ဆိုဟာ လက်ရှိအချိန်မှာတော့ လီဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ဖို့ အာရုံစိုက်ထားပြီး အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီးဖြေကြားဖို့ ငြင်းဆန်ထားပါတယ်။
သူဟာ လီဗာကူဆင်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းကို ရှုံးပွဲ မရှိ ရလဒ်နဲ့ ဘွန်ဒက်စ်လီဂါကို ဦးဆောင်နိုင်အောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။
Photo-Reuters