Home
အားကစား
မန်ယူနောက်ခံလူ လုခ်ရှော ဘောလုံးရာသီကုန်အထိ နားရမည်
DVB
·
February 22, 2024

မန်ယူနောက်ခံလူ လုခ်ရှောဟာ ဒဏ်ရာကြောင့် အခုနှစ်ဘာလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရ မှာဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခဲ့ပေမဲ့ ပထမပိုင်းအပြီးမှာပဲ လူစားလဲ ခံရခဲ့တာပါ။  ခြေထောက် ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ၃ လခန့်အနားယူရဖို့ ရှိနေတာပါ။ 

အသက် ၂၈ နှစ်ရှိ နောက်ခံလူဟာ ရာသီအစပိုင်းကတည်းက ပေါင်ခြံဒဏ်ရာကြောင့် ၃ လလောက် အနားယူခဲ့ရပါသေးတယ်။ 

လုခ်ရှောဟာ ယူနိုက်တက်အသင်းရဲ့ လက်ကျန်ပရီးမီးယားလိဂ် ၁၃ ပွဲစလုံးကို လွဲချော်တော့မှာ ဖြစ်ပြီး အက်ဖ်အေဖလား ပွဲစဉ်ကိုလည်း လွဲချော်တော့မှာပါ။ 

ဒီသတင်းဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက်လည်း ခေါင်းခဲစရာဖြစ်ခဲ့ပြီး ဘယ်နောက်ခံ လူသစ် တဦးကို အစားထိုး ရွေးချယ်သွားရဖို့ရှိပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024