ရုရှားနိုင်ငံဟာ နျူးကလီးယားလက်နက်တွေကို အာကာသအတွင်း နေရာချဖြန့်ကျက်ထားမှုကို ဆန့်ကျင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရုရှားဟာ အာကာသအတွက် နျူးကလီးယားစွမ်းရည်ကို တီထွင်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောကြားချက်ကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
သမ္မတပူတင်က“ရုရှားရဲ့ရပ်တည်ချက်က ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း၊ အခု အာကာသထဲမှာ နျူလက်နက်တွေ ဖြန့်ကျက်ထားရှိမှုကို ဆန့်ကျင်နေတာဖြစ်ပြီးတော့ အမြဲတမ်းလည်း ခြွင်းချက်မရှိ ဆန့်ကျင်နေတယ်” လို့ သူ့ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူကို ပြောခဲ့ပါတယ်။
ရုရှားဟာ အာကာသမှာရှိနေတဲ့ သဘောတူညီချက်တွေ အားလုံးကို လိုက်နာရုံသာမက အာကာသထဲမှာ ရုရှားရဲ့ လုပ်ဆောင်မှုတွေဟာ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေနဲ့ ကွဲပြားခြင်းမရှိကြောင်းလည်း ပူတင်က ဆိုပါတယ်။
ရုရှားနိုင်ငံဟာ အာကာသထဲမှာ စွမ်းရည်အသစ်နဲ့ လက်နက်တချို့ ထားရှိနေကြောင်း အမေရိကန် သတင်းရင်းမြစ်တွေက အကြံပြုထားပါတယ်။
ဒါပေမဲ့ အသေးစိတ် အချက်အလက် အနည်းငယ်သာ ရှိခဲ့ပြီး အထောက်အထား မထုတ်ပြန်ခဲ့ပါဘူး။
နယူးယောက်တိုင်းမ် သတင်းစာကတော့ အမေရိကန် ထောက်လှမ်းရေး အချက်အလက်တွေဟာ အာကာသအခြေပြု ဂြိုဟ်တုဖျက် နျူးကလီးယားလက်နက် ထုတ်လုပ်မယ့် ရုရှားရဲ့ကြိုးပမ်းမှုနဲ့ ဆက်စပ်နေကြောင်း ဖော်ပြထားပါတယ်။
ပူတင်ကတော့ ရုရှားဟာ မဟာဗျူဟာ တည်ငြိမ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို တခါမှ မဆန့်ကျင်ဘူးခဲ့ကြောင်း ပြောကြားခဲ့ပြီး ရုရှားကို အနိုင်ယူဖို့နဲ့ ဗျူဟာမြောက် လုံခြုံရေးအကြောင်း ဆွေးနွေးဖို့ အနောက်နိုင်ငံတွေရဲ့ ရည်ရွယ်ချက်နဲ့ ပြောဆိုတာတွေကို ပိုင်းခြားဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
ပူတင်ဟာ အမေရိကန်နဲ့ ဗျူဟာမြောက် တည်ငြိမ်ရေး ဆွေးနွေးမှုကို ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မှာပဲ ပယ်ချခဲ့ပါတယ်။
Source/Photo-Reuters