ဟာလန်းလို တိုက်စစ်မှူးကို ဝေဖန်မယ်ဆိုရင် မကြာခင် နှုတ်ဆိတ်သွားရလိမ့်မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သတိပေးပြောသွားပါတယ်။
ဟာလန်းဟာ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ်မှာ အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ အသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၇၁ မိနစ်မှာ သွင်းယူနိုင်ခဲ့တာပါ။
ထိပ်တန်းတိုက်စစ်မှူးတွေ ဒါမှမဟုတ် ဂိုးတွေအများကြီးသွင်းယူထားတဲ့တိုက်စစ်မှူးတယောက်ကို မဝေဖန်သင့်ကြောင်းနဲ့ ဝေဖန်တဲ့သူဟာ မကြာခင်မှာ နှုတ်ဆိတ်သွားရမှာ ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းဟာ အယုံကြည်ရဆုံးတိုက်စစ်မှူးဖြစ်ပြီး ဒဏ်ရာကြောင့် ၂ လအနားခဲ့ရမှုနဲ့ အဘွားဖြစ်သူကို ဆုံးရှုံးခဲ့ရမှုတွေကြောင့် လွယ်ကူတဲ့ကာလ မဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ကာကွယ်ပြောသွားပါတယ်။
ကွင်းလယ်လူ ဒီဘရိုင်းမှာ တံကောက်ကြောဒဏ်ရာ ရှိနေတာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသုံးမပြုခဲ့တာလို့လည်း နည်းပြရဂွါဒီယိုလာက ပြောသွားပါတယ်။
Photo-Reuters