ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတိတ်ကာလသမိုင်းကြောင်းတွေက သက်ဆိုင်မှု မရှိဘူးလို့ အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဒီကနေ့ညမှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။
အာဆင်နယ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစားရတာ ဖြစ်သလို ၂၀၁၀ နောက်ပိုင်း ကွာတားဖိုင်နယ်အဆင့်ကနေ ကျော်လွန်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုး လည်း ရှိနေတာပါ။
နည်းပြအာဆင်နယ်ကတော့ တချိန်ကမှတ်တမ်းဆိုးတွေက လက်ရှိအခြေအနေနဲ့ သက်ဆိုင်မှု မရှိကြောင်း၊ အဲဒီအချက်တွေက အသင်းသားတွေအပေါ် စိန်ခေါ်မှုနဲ့ ရည်မှန်းချက်တွေကို ပိုပြီးအားကောင်းလာ စေကြောင်း ပြောပါတယ်။
ဒါ့အပြင် ၁၆ သင်းအဆင့်ကနေ ၇ နှစ်ဆက်တိုက် ထွက်ခဲ့ရတာတွေဟာ အကောင်းဆုံးအချိန်ရောက်နေတဲ့ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း နည်းပြအာတီတာက မှတ်ချက်ပေးပါတယ်။
Photo-Reuters