မိုဆာလာရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန် ကလော့ပ်က ပြောသွားပါတယ်။
ဆာလာဟာ အာဖရိကဖလားပြိုင်ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူစားဝင်ကစားကာ ခြေစွမ်းပြဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပွဲအပြီးမှာ တံကောက်ကြောဒဏ်ရာ မသက်မသာ ခံစားရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန် နေရဆဲဖြစ်ပါတယ်။
ဒီကနေ့ညမှာကစားမယ့် လူတန်တောင်းနဲ့ပွဲစဉ်မှာ ဆာလာပါဝင်နိုင်ဖို့ မသေချာသေးကြောင်းနဲ့ တဆင့်ချင်းစီ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းမှာ တိုက်စစ်မှူး နူညက်ဇ်ဟာလည်း ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေရပြီး ဂျိုတာ၊ ကာတစ်ဂျုံးစ်၊ ဆိုဘိုစလိုင်း၊ အာနိုးလ်၊ အလစ်ဆန်၊ မာတစ်၊ သီယာဂိုအယ်ကန်တာရာ အစရှိတဲ့ ကစားသမားတွေဟာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
Photo-Reuters